top of page

Miss Moe, PharmD

Miss Moe, PharmD

  • Dark_Light.jpeg

    အမှောင်ထုရဲ့အဆုံးမှာ အလင်းရောင်ရှိတယ်

    ဘဝမှာ မွေးလာကတည်းက ဘယ်သူမှ ဘာမှ မတတ်ကြဘူး။ ကိုယ်စိတ်ဝင်စားတဲ့အရာတစ်ခုကို အချိန်ယူပြီး သေချာလေ့လာရင် မကြာခင် ကျွမ်းကျင်သူအဆင့်ရောက်လာလိမ့်မယ်။ လုပ်နိုင်သူတွေကို အားကျနေပြီး မိမိကိုယ်ကို အသုံးမကျသူလို့ မမြင်ဘဲ ကိုယ်ကြိုးစားရင် ဖြစ်နိုင်တယ်လို့ မှတ်ယူထားပါ။ မိမိဘဝအတွက်အကောင်းဆုံး The Best Version of You ကို ဖန်တီးနိုင်မယ့်သူက မိမိကိုယ်တိုင်သာ ဖြစ်ပါတယ်" 

  • American_dream.jpeg

    အမေရိကန်နိုင်ငံမှာ အောင်မြင်တဲ့ဘဝတစ်ခု တည်ဆောက်မယ်ဆိုလျှင်

    “အမေရိကန်အိပ်မက်ဆိုတာ ကံကိုယုံပြီးဆုတောင်းနေတာထက် စွန့်စွန့်စားစား Risk ယူ၊ ကြိုးစားတည်ဆောက်ပြီး အောင်မြင်လာတာပါ။”
     

    လူတော်တော်များများ American Dream ရှိကြတယ်။ ဆင်းရဲတဲ့နိုင်ငံ၊ ချမ်းသာတဲ့နိုင်ငံ၊ နိုင်ငံပေါင်းစုံကလူတော်တော်များများ အမေရိကန်နိုင်ငံမှာ အခြေချပြီးဘ၀တစ်ခုတည်ဆောက်လိုကြတယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကန်နိုင်ငံမှာ ပညာသင်မလား၊ အလုပ်လုပ်ပြီး ငွေရှာမလား၊ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်မလား စသဖြင့် ဘာပဲလုပ်လုပ် ပိုကောင်းတဲ့အခွင့်အလမ်းများစွာရှိနေလို့ပါပဲ။

  • Belive_in_yourself.jpeg

    မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်ခြင်း

    "မိမိကိုယ်ကိုယုံကြည်မှုရှိခြင်းဆိုတာ မိမိကိုယ်ကို တန်ဖိုးထားတတ်ခြင်း (Self-worth) ကနေလာတယ်။ တစ်ခုခုလုပ်မယ်ဆိုရင် ကိုယ့်စိတ်ထဲမှာ “I can” “I Shall” “I will” ဆိုတဲ့အသံတွေ ကျယ်ကျယ်လောင်လောင်ကြားနေတာမျိုးပါ" - "မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့သူတစ်ယောက်ဟာ လူအများလျှောက်တဲ့လမ်းကို ရွေးဖို့ထက် ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ မှန်တယ်ထင်ရင် ရွေးချယ်ရဲ၊ လုပ်ရဲတယ်။ ယုံကြည်မှုရှိခြင်းဟာ စိတ်စွမ်းအားတစ်မျိုးပဲ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိခြင်းဟာ ဘယ်နေရာကမှ ထွက်လာတာမဟုတ်ဘူး။ အလုပ်တစ်ခုကို တစိုက်မတ်မတ်လုပ်ရင်းကနေ ရလာတာပဲ"

  • Reinvest_yourself.jpeg

    ကိုယ့်ကိုယ်ကိုယ်ပြန်လည်တည်ဆောက်ခြင်း

    ယခုလက်ရှိ ကိုယ့်ရဲ့ Level ကိုမကျေနပ်ဖြစ်နေလား။
    သွားနေရတဲ့လမ်းကြောင်း၊ လုပ်နေရတာတွေကို မကြိုက်လို့ ပြောင်းလဲချင်နေပြီလား။

    သင်ဘယ်အရွယ်ပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲရှိနေပါစေ၊ သင့်ဘဝကို အစကနေ ပြန်လည်တည်ဆောက်လို့ရပါတယ်။ ဒီစာအုပ်က သင့်ကိုယ်သင် ပိုမိုတိုးတက်တဲ့ဘဝဆီ လျှောက်လှမ်းဖို့ လမ်းပြပေးပါလိမ့်မယ်။

bottom of page